Humic Acid ဆိုသည်မှာ အော်ဂဲနစ်ဓာတ်တစ်မျိုးဖြစ်ပြီး မြေသြဇာကောင်းမွန်မှုအတွက် အရေးပါလှပါတယ်။ အပင်နဲ့ သတ္တဝါတွေရဲ့ သဘာဝအတိုင်း ကြေပျက်ဆွေးမြေ့ပြီးတော့ နောက်ဆုံးကျန်တဲ့ အရာကိုခေါ်ဆိခြင်းဖြစ်ပါတယ်။ Humic Acid ကို ခွဲခြမ်းစိတ်ဖြာပါက ကာဗွန် ၅၀%နှင့် အောက်စီဂျင် ၄၀% အသီးသီးပါဝင်ပါတယ်။ ထို့အပြင် ဟိုက်ထရိုဂျင် ၅%၊ နိုက်ထရိုဂျင် ၅%၊ ဖော့စဖရပ် ၁% စသည့် အခြား အာဟာရဓါတ်များလည်းပါဝင်နေပါတတယ်။ Humic Acids/g& Soluble Potash (K20) - 0.72%၊ Magnesium Oxide (MgO) - 1596 ppm၊Manganese (Mn) - 56.6 ppm၊ Iron (Fe)-9570.2 ppm၊ Copper (Cu) - 64.9 ppm၊ Zinc (Zn) - 66.5 ppm၊ Molybdenum (Mo) - 1.3 ppm၊ Cobalt (Co)-7.8 ppm တို့ပါဝင်ပါသည်။
မြေသားဖွဲ့စည်းပုံကို တိုးတက်ကောင်းမွန်စေခြင်း၊ အစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်ခြင်း၊ မြေချဥ်၊ မြေငံကို ပြင်ဆင်ပေးနိုင်သည့် ချဥ်ငံကိန်းကိုပြောင်းလဲပေးနိုင်စွမ်းရှိခြင်း၊ အပင်များလိုအပ်သည့် အာဟာရများကို များများရနိုင်အောင် စွမ်းဆောင်ပေးနိုင်ခြင်း၊ အပင်များဧ။်အင်ဇိုင်တွေကို လှုံ့ဆော်ပေးပြီး အင်ဇိုင်းထုတ်လုပ်မှုကိုလည်း အားပေးနိုင်ခြင်း၊ အပင်များဧ။် ရာသီဥတုဒဏ်ခံနိုင်ရည်အားကို တိုးတက်ကောင်းမွန်စေခြင်း၊ မှိုနှင့် ဘက်တီးရီးယား ကာကွယ်ပေးနိုင်ခြင်း၊ အသီးအနှံများတွင် ဆဲလ်နံရံတွေထူစေခြင်းကြောင့် ပိုမိုအထားခံခြင်း၊ အာဟာရတန်ဖိုးများကို မြင့်တက်စေခြင်း၊ ရေမှာပျော်ဝင်သည့် မြေသြဇာများကို အသုံးများခြင်းကြောင့် ဖြစ်တတ်သည့် မြေပျက်စီးတာတွေကို ထိန်းသိမ်းပေးခြင်း၊ ရေဆုံးရှုံးမှု၊ အပင်ညှိုးခြင်းကို လျော့နည်းစေပြီး အပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။
အေးသောရာသီတွင် အရွက်အားလုံးစိုရွှဲအောင် နှံ့စပ်စွာပက်ဖျန်းပေးရန် လိုအပ်ပါသည်။ ပိုးသတ်ဆေးများဖြင့် ရောစပ်ပက်ဖြန်းနိုင်ပါသည်။ လေဝင်လေထွက်ကောင်း၍ ကလေးများလက်လှမ်းမမှီသောနေရာတွင် သိမ်းဆည်းပါ။