စနစ်တကျ ပေါင်းခံထားခြင်းမရှိသော ကြက်ချေးအရိုင်းများနှင့် လုံးဝမတူသည့်အတွက် အပင်ကို လောင်စေတတ်သော ဓာတ်များ မဖြစ်ပေါ်ပါ။ ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများဖြင့် စနစ်တကျ ပေါင်းခံထားသောကြောင့် မြေ၊ ရေ၊ လေ နှင့် ထိတွေ့ပါက မြေသြဇာဖြစ်သွားပြီး အပင်မှ အလွယ်တကူ စားသုံးနိုင်ပါသည်။ လယ်ယာမြေ အများစုတွင် အချိန်မှီ ထည့်သွင်းဖို အကောင်းဆုံးနှင့် အသင့်တော်ဆုံး အော်ဂဲနစ် မြေသြဇာ ဖြစ်ပါသည်။ ကျေးဇူးရှင်တောင်သူ ဦးကြီးများအတွက် စီးပွားဖြစ် သီးနှံ အထွက်တိုးပြီး ဝင်ငွေတိုးစေဖို ဆူမိုကြီး အော်ဂဲနစ် ဂျပန်ကြက်ချေးမြေသြဇာကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ ဓာတုမြေသြဇာများ နှစ်ရှည်သုံးစွဲထားခြင်းကြောင့် မြေဆီလွှာ ခမ်းခြောက်နေခြင်းများ၊ ဆားပေါက် နေခြင်းများ၊ သီးနှံပင် မသန်စွမ်းခြင်းများကို ဆူမိုကြီး အော်ဂဲနစ် ဂျပန်ကြက်ချေး မြေသြဇာမှ ပြန်လည် တိုးတက်ကောင်းမွန် လာအောင် ဖော်ဆောင်ပေးနိုင်သော ကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ ကောင်းစွာ ဆွေးမြေ့ပြီးသော အော်ဂဲနစ် မြေသြဇာ ဖြစ်သဖြင့် သီးနှံတိုင်းတွင် အချိန်မရွေး စိတ်ချစွာ သုံးစွဲနိုင်ပါသည်။ ကုန်ကျစရိတ် သက်သာစေပါသည်။ မြေအမျိုးအစား သီးနှံပင်၏ သဘာဝပေါ်မူတည်ပြီး တစ်ဧကလျှင် ၃ အိတ်မှ ၆ အိတ်အထိ နှုန်းထားကို ချိန်ဆ သုံးစွဲနိုင်ပါသည်။